Machine

  • Machine

    A Light Construction Co.,Ltd မှ ကွန်ကရစ်ကြမ်းခင်းများနှင့် ကျောက်သားမျက်နှာပြင်များအား ချောမွတ်ပြောင်လက်တောက်ပလာစေသော Machine အမျိုးမျိုးတို့ကို ထိုင်ဝမ်နိုင်ငံ CHA Company မှတဆင့် တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးလျှက်ရှိပါတယ်။ အရည်သွေးကောင်းမွန်ပြီး အကြမ်းခံကာ ကြာရည်သုံးစွဲနိုင်သော စံချိန်မှီသော Machine များဖြစ်ကာ Warranty များလည်း ပါရှိပါသည်။ အဆင့်မြင့် Remote Controlled Model အမျိုးအစားများနှင့် အခြားသော တိုက်ချွတ်ရန်ကောင်းမွန်သော Machine အမျိုးမျိုးတို့ကို ထိုင်ဝမ် CHA Company မှ ကိုယ်စားလှယ်အဖြစ် A Light Construction Co.,Ltd တွင် မှာယူလို့ ၀ယ်ယူ ရရှိနိင်ပါသည်။ အမျိုးမျိုးသော ကျောက်သားမျက်နှာပြင်များတို့အပေါ်တွင် အဆင်ပြေလွယ်ကူစွာ ပွတ်တိုက်နိုင်သော ကောင်းမွန်သော Machine အမျိုးအစားအမျိုးမျိုးတို့ကို လက်ဝယ်ပိုင်ဆိုင်ရယူနိုင်ဖို့ A Light Construction Co.,Ltd သို့ဆက်သွယ်ကာစုံစမ်းမေးမြန်းဝယ်ယူနိုင်ပါတယ်။

  • Floor Machine

    ” Floor Machine ”
    ကျွန်တော်တို့ A Light Construction Co.,Ltd မှ ရောင်းချပေးနေတဲ့ Multi-function Floor Machine အလတ်စားကြမ်းခင်းပွတ်တိုက်စက် အကြောင်းကို မိတ်ဆက်တင်ပြလိုက်ပါတယ်။ ယနေ့ ဒီကြမ်းခင်းပွတ်တိုက်စက်ကို အဆောက်အဦး၊ ဟော်တယ်၊ စက်ရုံ၊ ရုံး၊ တိုက်အိမ်ရာတွေမှာ အသုံးများနေပါပြီ။

    ကွန်ကရစ်ကြမ်းခင်းမျက်နှာပြင်များနှင့် ကျောက်ပြားမျက်နှာပြင်များ တို့ကို ညီညာအောင်ပြုလုပ်နိုင်ခြင်း၊ ချောမွတ်ပြောင်လက်တောက်ပ လာအောင်ပြုလုပ်နိုင်ခြင်း၊ polish တင်ခြင်း၊ ဟောင်းနွမ်းနေသော ကျောက်ပြားများအား အသစ်ကဲ့သို့ပြောင်လက်တောက်ပလာအောင် ပြုလုပ်နိုင်ခြင်း၊ ကြမ်းခင်းဆေးခြင်း၊ ကော်ဇောဆေးခြင်း၊ ဖယောင်းချွတ်ခြင်း စသော အထွေထွေလုပ်ဆောင်ချက်များစွာကို လုပ်ဆောင်နိုင်တဲ့ အကျိုးကျေးဇူးများစွာရှိတဲ့ စက်အလတ်စားတစ်ခု ဖြစ်ပါတယ်။
    Multi-function အလတ်စား ကြမ်းခင်းပွတ်တိုက်စက်ငယ်လေးဟာ ခေါက်လက်ကိုင်ပါရှိပြီးတော့ အလွယ်တကူထိန်းညှိပြီး အသုံးပြုနိုင် ပါတယ်။ ဖြုတ်ခြင်း၊ တပ်ဆင်ခြင်း ပြုလုပ်ရာမှာလည်း လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။ စက်ပစ္စည်းတစ်ခုလုံး သတ္ထုကိုယ်ထည်ဒီဇိုင်းရှိပြီး double-capacitance ဖြင့် တပ်ဆင်ဖွဲ့စည်းတည်ဆောက် ထားပါတယ်။ ဒါ့ကြောင့် အန္တရာယ်ကင်းပြီး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။Customer ၏ မတူညီသော လုပ်ငန်းလိုအပ်ချက် များစွာကို တစ်ချိန်တည်းဖြည့်ဆည်းနိုင်င်စွမ်း ရှိပါတယ်။ ။

    ဒီထက်မကသော အသေးစိတ်သိလိုသည်များကို A Light Construction Co.,Ltd သို့ ဆက်သွယ်စုံးစမ်းမေးမြန်းနိုင်ပါတယ်။
    လက်တွေ့စမ်းသပ်မှုများပြုလုပ်ချင်လျှင်လည်း A Light Construction Co.,Ltd သို့လာရောက်ကာ လက်တွေ့ စမ်းသပ်ပြုလုပ်နိုင်ပါတယ်။

  • ယနေ့ စက်ရုံ၊ ဟော်တယ်၊ရုံး၊အိမ် စသည်တို့တွင် အသုံးများလာသည့် လုပ်ငန်းသုံး အလတ်စား ဖုန်စုပ်စက်တစ်မျိုးကို A Light မှ သင့်တော်သော ဈေးနှုန်းဖြင့် ရောင်းချပေးနေပါပြီ။ အသုံးပြုရာမှာ လွယ်ကူပြီး ပေါ့ပါးသွက်လက်ကာ ကြံ့ခိုင်မှုလည်း ရှိပါတယ်။ လက်တွေ့စမ်းသပ်ချင်လျှင်လည်း A Light သို့ လာရောက်ကာ လက်တွေ့စမ်းသပ်မှုမျိုးလည်း အသုံးပြုနိုင်ပါတယ်။ အသေးစိပ်သိလိုသည့် အကြောင်းအရာများကိုလည်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ် ဆိုတာ သတင်းကောင်းပါးရင်း A Light Construction Co.,Ltd သို့ အရောက်သာကြွလှမ်းခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။

  • ကွန်ကရစ်ကြမ်းခင်းများနှင့် ကျောက်သား မျက်နှာပြင်များအား ချောမွတ်ပြောင်လက်တောက်ပ လာစေသော Machine အမျိုးမျိုးတို့ကို xingyistone Company မှတဆင့် တိုက်ရိုက်ဝန်ဆောင်မှု ပေးလျှက်ရှိပါတယ်။ အရည်သွေးကောင်းမွန်ပြီး အကြမ်းခံကာ ကြာရည်သုံးစွဲနိုင်သော စံချိန်မှီ Machine များဖြစ်ပြီး Warranty များလည်း ပါရှိပါသည်။ အမျိုးမျိုးသောကျောက်သားမျက်နှာပြင်များအား အဆင်ပြေလွယ်ကူစွာ ပွတ်တိုက်နိုင်တဲ့ ကောင်းမွန်သော Machine အမျိုးအစားများဖြစ်လို့ A Light ConstructionCo.,Ltd သို့ဆက်သွယ်ကာ စုံစမ်းမေးမြန်း ၀ယ်ယူရရှိနိုင်ပါတယ်။